ကော့သောင်း၊ ဒီဇင်ဘာ ၂၄
ကော့သောင်းခရိုင်တရားရုံးတွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Progran (NCMP) နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ဆွေးနွေးသည့်အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်း က မှုခင်း စီမံခန့်ခွဲမှုအစီစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကော့သောင်းခရိုင်တရားသူကြီးဒေါ်စန္ဒာကျော်က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွင် အသုံးပြုရမည့် ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကာတက်ရောက်လာသူများ၏ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်း၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ခရိုင်ဥပဒေအရာရှိဦးဝေလင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ရွှေဝင်း ၊ခရိုင်ကျန်းမာရေးမှူးဒေါက်တာလင်းထိုက်၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေး၊ ကော့သောင်း မြို့မရဲစခန်း၊စခန်းမှူး ဒုရဲမှူးတင်ဆန်းဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဒေါ်အေးအေးသန်း၊ တရား လွှတ်တော်ရှေ့နေဦးအောင်စိုး၊ ကောသောင်းမြို့နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစကြွယ်ဝင်းနှင့် ကော့သောင်းခရိုင် တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးတို့တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက်၁၁နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)