အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှ

မန္တလေး ဒီဇင်ဘာ ၂၄

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကိုယနေ့ နံနက်၉နာရီခွဲကပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၉)ရှိ SemiL ockdown ချထားသောနေရာနှင့်၂၁ လမ်းနှင့်၂၂ လမ်းကြား၊ ၈၃ လမ်းနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဝေငှရာတွင်မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ပုလဲလူငယ်လူမှုကူညီရေးအသင်းတို့က  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ‌ အခမဲ့ဝေငှခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)