ကျောက်မဲမြို့နယ်အတွင်း ကပ်ထားသည့်ပထမအကြိမ်မဲဆန္ဒရှင်စာရင်း၌ ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးရန် လျှောက်ထားသူ နည်းပါး

                                                                            ကျောက်မဲ     ဩဂုတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန်အတွက်  ဇူလိုင်လ ၂၅ ရက်နေ့ မှစ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များတွင် ကပ်ထားကြေညာ ထားပြီးဖြစ်ရာ အဆိုပါမဲစာရင်း၌ အမည်မပါရှိ၍ အမည်ပြန်လည် ထည့်သွင်းပေးရန်နှင့် မှားယွင်းသောကြောင့် ပြင်ဆင်လွှာ တင်သွင်းသူ နည်းပါလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ် တွင် မဲဆန္ဒရှင်မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၂၇၀၀၀ ဦးကျော် ရှိပြီး ယမန်နေ့ အထိ ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုသူများရှိနေပြီး မဲစာရင်းတွင်မပါဝင်သောကြောင့် ပုံစံ ၃ ဖြင့် အမည်ပြန်လည်ထည့်သွင်းပေးရန် လျှောက်ထားသူ ၇၂ ဦး၊ မဲစာရင်းပါ အချက်များ မှားယွင်းသောကြောင့် ပုံစံ ၄-ဂ ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ ၄၅ ဦး ရှိ ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)