ကျောက်ပန်းတောင်းမြို့နယ် Upper KMN မှ ကလေးဗဟိုပြုလူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးဆောင်ရွက် သူများ အဖွဲ့(Upper KMN)မှ ကလေးဗဟိုပြု လူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့ ပြည်တော်သာ ရပ်ကွက်ရှိ၊ကောင်းမှုပြည့် ကျောင်းတိုက်တွင်ပြုလုပ်ခဲ့ သည်။

အခမ်းအနားကို တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်၍ ဖွင့်လှစ်ခဲ့ပြီး၊ တွေ့ဆုံပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို Upper KMN မှ ဒေါ်တင်နီလာဦးက ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကိုရှင်းလင်းပြောကြားပြီး၊ ရွှေနောက်စမ်းကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များက ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးရာ၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ရွှေ့လျားစာကြည့်တိုက်လုပ်ငန်းဆိုင်ရာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် လင်းလက်ကြယ်စင်ကလေးများအဖွဲ့ CCSA Issue လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကြပြီး၊ ကျေးရွာစာကြည့်တိုက်ကော် မတီဝင်များနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ Mobile Library နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုရှင်းလင်း ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားကို မွန်းတည့် (၁၂)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးဗဟိုပြု လူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ရွှေနောက်စမ်းကျေးရွာစာကြည့်တိုက် တာဝန်ခံများ၊ လင်းလက် ကြယ်စင်ကလေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ Upper KMN အဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြပြီး၊ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)