ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာနခန်းမတွင် Online အသိပညာပေး အစီအစဉ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၉ နာရီ ကပြုလုပ်သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမျိုးလွင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ပြည်သူများကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၏ ကာကွယ် ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်အား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနေထိုင်ကြရေးရည်ရွယ်ချက်ဖြင့်စီစဉ် ရိုက်ကူးတင်ဆက်ခြင်းဖြစ်ကြောင်းနှင့် မြို့စည်ပင် သာယာရေး တာဝန်ခံဦးမျိုးအောင် မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍မိမိတို့ဌာနအနေဖြင့် ပြည်သူလူထုအား ဆောင်ရွက်ပေးခဲ့သောလုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံလုပ်ငန်းများအကြောင်းတို့ကို ဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။
မျိုးလွင်(ပြန်/ဆက်)