လွိုင်ကော် ဒီဇင်ဘာ ၂၄
လွိုင်ကော်မြို့အတွင်း တရားမဝင်ရောင်းချနေသည့် ယစ်မျိုးဆိုင်များနှင့် ဈေးဆိုင်များတွင် တွဲလျှက် ရောင်းချနေသည့် အရောင်းဆိုင်များအား တရားမဝင် အရက် ၊ ဘီယာများ ရောင်းချမှု မရှိစေရန်အတွက် မြို့နယ်ယစ်မျိုးဆိုင်များစိစစ်ကြီးကြပ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ယစ်မျိုးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ပြည်နယ်စားသုံးသူရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနတို့က စတိုးဆိုင်များ ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် တရားဝင် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ အရက် ၊ ဘီယာများ ရောင်းချနေခြင်းရှိ/မရှိ၊ ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး တရားဝင်လိုင်စင်မရှိပါက ပြုလုပ်သွားရန်နှင့် ပြုလုပ်ခြင်းမရှိဘဲ တရားမဝင်ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)