ပလောက်မြို့၊ပြင်ဘုငယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပလောက်  ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်း လင်းပွဲနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီ က ပြင်ဘုငယ်ကျေးရွာ အလက  ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုက အဖွင့်အမှာစကားပြောကြားပြီး ၊ ဒု-ဦးစီးမှူး ဦးမင်းနိုင်က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဝင်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရွေးချယ်ရမည့် အချက်များ ၊ မရွေးချယ်သင့် သည့် အချက်များ အားရှင်း လင်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလမင်းချစ်ကိုနှင့် ဝန်ထမ်းများ၊ ပလောက်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးရဲအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၊ရပ်မိ/ရပ်ဖနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်   (ပလောက်ပြန်/ဆက်)