မိုင်းရှူး သြဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ(၄၉၇၅၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၇)ရက်နေ့အထိ(၁၄)ရက်ကြာကပ်ထားကြေညာပြီး၊ အဆိုပါပထမအကြိမ်မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာမှုစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မိမိ အမည်ပါ/မပါ၊ အချက်အလက်မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ဖြည့်စွက်လိုသောပုံစံ များကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မိုင်းရှူးမြို့နယ်တွင်ရပ်ကွက်(၇)ခု၊ ကျေးရွာ အုပ်စု(၁၇)အုပ်စု၊ ကျေးရွာပေါင်း(၁၇၆) ရွာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၄၉၇၅၄)ဦး၊ မဲရုံပေါင်း(၄၄)ရုံစီစဉ်ထားကြောင်း သိရ သည်။
စိန်လှိုင်(ပြန်/ဆက်)