ပြင်ဦးလွင်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင်  ၂၀၂၁  ခုနှစ်၊  ဇန်နဝါရီလ  ၄  ရက်နေ့တွင် ကျရောက် မည့် (၇၃) နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ  (၁) နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည် ။

အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း က ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ကျန်းမာရေးနှင အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ  ၂၀၂၁  ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့၊  နံနက် ၄  နာရီ ၂၀ မိနစ်တွင် ကျင်းပမည့် အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာဖတ်ပွဲအား  ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါအခမ်းအနားတွင်  သတ်မှတ် ထားသည့်  လူဦးရေ တက်ရောက်နိုင်ရေး ၊ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ  တာဝန်ရှိသူများ စနစ်တကျ တက်ရောက်ရန် နှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည် ။

ဆက်လက်ပြီး အခမ်းအနားပြင်ဆင်ရေး ကော်မတီအလိုက်  တာဝန်ရှိသူများက မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့်  လုပ်ငန်းများနှင့်ပတ်သတ်၍  ရှင်းလင်းပြောကြားခြင်း ၊သဝဏ်လွှာဖတ်ပွဲတွင်  နေရာထိုင်ခင်းများ  ၆ ပေကွာ စီစဉ်ပေးသွားမည် ဖြစ်ပါကြောင်း၊  ကျန်းမာရေး စစ်ဆေးမှုများအား စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ဖြည့်စွက်ကာ  အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည် ။  

ဇော်မျိုးထိုက်