မိုင်းခတ် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ခရစ္စမတ်ပွဲတော်ကျင်းပမည့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရှိ ဓမ္မဆရာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကျင်းပပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လူဦးရေထက်ကျော်လွန်၍ လူစုလူဝေး မပြုလုပ်ကြရန်၊ ရေမလို လက်သန့်စင်ဆေးရည် ထားရှိဆောင်ရွက်ကြရန်၊ အခြားမြို့နယ်ရှိ ဧည့်သည်များ ဖိတ်ခေါ်ခြင်းမပြုဘဲ မိမိတို့ရပ်ကွက်၊ ကျေးရွာရှိ ရွာသူ/သား ဖြင့်သာ ဝတ်ပြုဆုတောင်းပြီး ခရစ်စမတ်ပွဲတော် ကျင်းပကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)