ညောင်ရွှေမြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီသို့ Pact Myanmar Microfinance Fund Institute ညောင်ရွှေရုံးခွဲမှ ငွေကျပ် (၆၀၀,၀၀ဝိ/-) တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်း

ညောင်ရွှေ     ဒီဇင်ဘာ     ၂၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီသို့  Pact Myanmar Microfinance Fund Institute ညောင်ရွှေရုံးခွဲ တာဝန်ခံနှင့်ဝန်ထမ်းများမှဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ ကျန်းမာ ရေးသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Pact Myanmar Microfinance Fund Institute ညောင်ရွှေရုံးခွဲတာဝန်ခံနှင့် ဝန်ထမ်းများ လှူဒါန်းသည့်ပစ္စည်းများမှာ ဆန်(၂)အိတ်၊ ဆီ(၂)ပုံး၊ မာမီးဆီချက် ခေါက်ဆွဲ(၁၂)ဖာ၊ လက်အိတ်(၂၀)ဖာ၊ Face Mask(၂၀၀)ဖာ၊ Face Shield (၂၀၀)ခု၊ Hand Gel(၁၂)ဘူး၊ အရက်ပျံ(၄၀) ဘူး တို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် (၆၀၀,၀၀ဝိ/-)ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ (ပြန်/ဆက်)