မိုင်းခုတ် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ တာဝန်ရှိသူတို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
ဝမ်ကတ်-ဝမ်လောက်လမ်း(၁)မိုင် ကျောက်ခင်းခြင်းနှင့် အကျယ်(၅)ပေ Box Calvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၆၈.၉၆)သန်းဖြင့် ရွှေရည်ဝင်းလျှံကုမ္ပဏီက (၁.၁၁.၂၀၂၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း၏ (၃၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်ကပြောသည်။
အဆိုပါ ဝမ်ကတ်-ဝမ်လောက်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဒေသထွက်ထုတ်ကုန်များ လွယ်ကူချောမွေ့စွာ တင်ပို့ရောင်း ချနိုင်ရုံသာမက ပညာရေး၊ ကျန်းမာရေး ကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသနေတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
စိုးတင့်(ပြန်/ဆက်)