မလှိုင် ဒီဇင်ဘာ ၂၅
၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော မလှိုင်မြို့နယ် ပညာရေးဌာနမှဝန်ထမ်းသားသမီးများအား ပညာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယနေ့က မလှိုင်မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်တွင် မြို့နယ်ပညာရေးမှူး ဦးရွှေက အဖွင့်အမှာစကားပြောကြာပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား/သူများ၏ မိဘများထံ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါနေ့က ဂုဏ်ထူး(၁)ဘာသာလျှင်ငွေကျပ်တစ်သိန်းနှုန်းနှင့် ရိုးရိုးအောင် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်း ချီးမြှင့်ပေးခဲ့ပြီး (၄)ဘာသာဂုဏ်ထူးရှင် (၂ ) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ရိုးရိုး အောင်(၁၉) ဦး၊ စုစုပေါင်း(၂၆)ဦး တို့၏ ကျောင်းသားမိဘများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)