ဖရူဆို ဒီဇင်ဘာ ၂၅
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူးဦးသိန်းသန်းဦးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မြေငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုနည်းစနစ်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောရယ်(ပြန်/ဆက်)