ကိုကိုးကျွန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား ထောက်ပံ့

ကိုကိုးကျွန်း  ဒီဇင်ဘာ  ၂၅                    

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြိုယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်းပုံမှန် ဝင်ငွေမရှိသည့်ပြည်သူလူထုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးမှအမှတ် ၁ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ ထိုနောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်နေလင်းနှင့်နေ့ကလေးထိန်း ယာယီတာဝန်ခံ ဒေါ်မြင့်မြင့်ချိုနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပြည်သူများသို့ တစ်ဦးစီ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်ခြင်းမှာ ကိုကိုးကျွန်းမြို့နယ်သည် ကိုဗစ်ကင်းစင်သော နေရာဖြစ်သောကြောင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀,၀၀၀ စီပေးအပ် ခဲ့ကြောင်းနှင့် စုစုပေါင်း ၁၁၇ ဦးအား ကျပ်၂,၃၄၀,၀၀ဝိ/- ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)