မိုးညှင်း ဩဂုတ် ၄
Irrawaddy Green Towers Co., Ltd မှ ငွေကျပ် ၃၇ သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ Irrawaddy Green Towers Co., Ltd မှ CSR Manger ကျင်းလမ့်မန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ယခုဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ရယ်၊ ဒီကပ်ရောဂါ နည်းသထက်နည်းသွားအောင် အခုလှူဒါန်းတဲ့ကာကွယ်ရေးပစ္စည်းတွေနဲ့ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်လှူဒါန်းခြင်းဖြစ် ကြောင်း ပြောကြားသည်။
Irrawaddy Green Towers Co.,Ltd မှ Mask ၁၀၀၀ ခု၊ Latex Hand Gloves ၅၀၀၊ Infrared Thermometers ၁၀ ခု၊ Hand Sanitizer/Gel 500ml ၁၄၈ ခု၊ Antiseptic Disinfectant 1ltr ၁၀၀ ဘူး၊ Soap Bar ၁၀၀၀ ဘူး စသည့်ပစ္စည်းများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပေးအပ်လှူဒါန်းရာ အဆိုပါရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေဇင်နိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
“အခုလှူဒါန်းရရှိတဲ့ ကာကွယ်ရေးပစ္စည်းတွေကို ခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ပြန်လည် ဖြန့်ဝေပေးသွားမယ်” ဟု ဒေါ်ရွှေဇင်နိုင်ကပြောကြားသည်။
Irrawaddy Green Towers Co., Ltd အနေဖြင့် ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းလှူဒါန်းခြင်းသည် တတိယအကြိမ် မြောက်ဖြစ်ပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ပထမအကြိမ်၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ဒုတိယအကြိမ် လှူဒါန်းပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဖောင်ကြီးသင်တန်းကျောင်းနှင့် ချင်းပြည်နယ်တို့တွင်လည်း လှူဒါန်းမှုများ ဆက်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း CSR Manger ကျင်းလမ့်မန်းက အဆိုပါအခမ်းအနားတွင်ဆက်လက်ပြောကြားခဲ့သည်။
ကျော်ကျော်ထွေး(မိုးညှင်း)