ပုဂံ ဒီဇင်ဘာ ၂၅
ပုဂံ-ညောင်ဦးမြို့၏ လေထုအရည်အသွေးသိရှိနိုင်ရေး တိုင်းတာစစ်ဆေးခြင်းကို ညောင်ဦးခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ပုဂံ-ညောင်ဦးမြို့နေရာ ၂ ခုတွင် ယမန်နေ့ နံနက်ပိုင်းက အရည်အသွေးတိုင်းတာစက်များဖြင့် လိုက်လံတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
ပုဂံ-ညောင်ဦးမြို့ လေထုအရည်အသွေးသိရှိနိုင်ရေးအတွက် တစ်လတစ်ကြိမ် တိုင်းတာခြင်းများ ပုံမှန် ဆောင်ရွက်နေကြောင်း၊ ရေထုအရည်အသွေးကို Scentroid(SL-50 Scential) စက်ဖြင့် လေထု အရည်အသွေး တိုင်းတာစစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် ရလဒ်များအား သုံးသပ်ပြီး လေထုအရည်အသွေးပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ရန်၊ ရလဒ်များအား Baseline Data အဖြစ်ထားရှိရန်ရည်ရွယ်ကာ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ထက်ဦးက ပြောကြားသည်။
ညောင်ဦးခရိုင်အတွင်း၌ ရေထုအရည်အသွေးတိုင်းတာခြင်းများကို လေထုအရည်အသွေး တိုင်းတာခြင်းကို ညောင်ဦးမြို့နယ် မီးသတ်ရုံးရှေ့နှင့် အလိုတော်ပြည့်ဘုရားတွင် Scentroid (SL-50 Scential) စက်ဖြင့် လစဉ် တိုင်းတာမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)