တောင်သာ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး(ဗဟို)မှထောက်ပံ့သည့် အရန်ရိက္ခာဆီ စိုက်ပျိုးရေး ဂိုဒေါင်တွင် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီး ဆုံးရုံးမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် အရေးပေါ်ရိက္ခာဆီ လက်ခံသိုလှောင်ထိန်းသိမ်းရေး အဖွဲ့များမှ ယနေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်အရန်ရိက္ခာဆီအဖြစ် ဖြန့်ဝေနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီခွင့်ပြုချက်ဖြင့် သုံးစွဲနိုင်ရေးအတွက် တောင်သာမြို့နယ်တွင် နိုင်ငံတော် အရန်ရိက္ခာဆီ (18-Liters) ဆန့် (၁၄၀၃)ပုံးအား မြို့နယ်စိုက်ပျိုးရေးဂိုဒေါင်တွင် သိုလှောင် သိမ်းဆည်း ထားရှိခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဂိုဒေါင်တွင် သိုလှောင်ထားသော အရန်ရိက္ခာဆီများ လျော့နည်းပျက်စီး ဆုံးရှုံးမှုမရှိစေရေးအတွက် မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် တောင်သာမြို့နယ် အရေးပေါ်ရိက္ခာဆီ လက်လက်ခံ သိုလှောင်ထိန်းသိမ်းရေးအဖွဲ့များမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)