တနင်္သာရီ ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲသည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းအတွင်း မြစိမ်းရောင်(ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းဝေး နှင့်ဝန်ထမ်းများ အပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ပညာပေး ဆွေးနွေးပြောကြားကြောင်း သိရှိရသည်။
ယင်းသို့ ပညာပေးဆွေးနွေးရာသို့ ဇဝဲကျေးရွာအုပ်စု-ပြင်ဝန်းကျေးရွာ၊ တမုတ်ချုန်းကျေးရွာ အုပ်စု-ရေဖြူကျေးရွာ၊ သာရဖုံ ကျေးရွာအုပ်စု-အရှေ့သာရဖုံရွာနှင့် လယ်သစ်ကျေးရွာ အုပ်စု လယ်သစ်အရှေ့ကျေးရွာတို့မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ငါးကဏ္ဍ)ကြီးကြပ်မှုကော်မတီမှ ဘဏ္ဍာရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ဌာနဝန်ထမ်းများ စုစုပေါင်း(၁၂)ဦး တက်ရောက်ကြပြီး ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ငါးကဏ္ဍ)ချေးငွေ၏ အတိုးရငွေများပေးသွင်းခြင်း၊ အသုံးစရိတ် ထုတ်ယူခြင်းဆိုင်ရာ လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ငါးဖမ်းဆီးမှု တားမြှစ်ချက်များကို လိုက်နာဆောင်ရွက်ကြရေးနှင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လမ်းညွှန်ချက်များ အား ပူးပေါင်းဆောင်ရွက်ကြရေး ပညာပေးဆွေးနွေးပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)