သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် သယ်ဆောင်လာသော ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိ

သိန္နီ ဒီဇင်ဘာ ၂၅

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင်သယ်ဆောင်လာသည့် ဆိုဒီယမ်ဆိုင်ရာနိုက်များအား ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တာဝန်ကျ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တရားမဝင် ကုန်စည်စီးဆင်းမှု မရှိစေရန်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသည့်ယာဉ်အမှတ် MDY 6M/----------(၂၂ဘီး) နောက်တွဲယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ရှိ ပရိဘောဂနှင့် ကုန်စုံများအတွင်းတွင် ဆိုဒီယမ်ဆိုင်ရာနိုက်( Sodium Cyanide) Durm များအား တွေ့ရှိခဲ့သဖြင့် ရေပူစစ်ဆေးရေးစခန်းရှိ RIGAKU စက်ဖြင့် ထပ်မံစစ်ဆေးခဲ့ရာ Drum များအတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide) (၅၀)kg ခန့်ပါ Durm (၃၈၅)လုံး၊ စုစုပေါင်းအလေးချိန် (၁၉၂၅၀)kg ခန့်အား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသော တရားမဝင် ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide) များ သယ်ဆောင်လာသူ ယာဉ်မောင်းအား သိန္နီမြို့မရဲစခန်းတွင် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

ညီညီပိုင်စိုး(ပြန်/ဆက်)