နမ္မတူမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(COVID-19)ကြိုတင် ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ

နမ္မတူ မတ် ၂၀

ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID-19) လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကြိုတင်ကာကွယ်ရန် နည်းလမ်းများအား အသိပညာပေးပြသထားရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)