လောက်ကိုင်မြို့ ဈေးအတွင်း လျှပ်စစ်မီးဝါယာရှော့ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

လောက်ကိုင်     ဒီဇင်ဘာ      ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့  အမှတ်(၂) ရပ်ကွက်၊ လောက်ကိုင်ဈေးအတွင်း ယနေ့နံနက်  ၃ နာရီ အချိန်ခန့်က လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုမီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးခန့်သည် မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်စက် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ စုစုပေါင်း (၁၁) စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လောက်ကိုင်မြို့ဈေးအတွင်း သစ်သီးမျိုးစုံရောင်းချသူ ဦးလျိုရင်ဖျင်နှင့် ပန်ကန်နှင့်ကုန်မျိုးစုံ ရောင်းချသူ ဒေါ်ရှောက်စန်းတို့၏ ဆိုင်ခန်းများ မီးလောင်ပျက်စီးဆုံးရှုံးသွားပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာ သိန်း (၈၀ )ခန့် ရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်ဦးလျိုရင်ဖျင်အား  လောက်ကိုင်မြို့မရဲစခန်းမှ  အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)