ချင်းရွှေဟော် ဒီဇင်ဘာ ၂၅
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင် ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်းနေရပ်ပြန် ပြည်သူ(၂၀) ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန် ပြည်သူအားလုံးတွင် ရောဂါပိုး မတွေ့ရှိ ရကြောင်းနှင့် (၁၀)ရက် အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓာတ်ခွဲနမူနာ Swab များအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)