မြောင်းမြ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မီးသတ်စခန်းဝန်ထမ်းအိမ်ယာ လေးခန်းတွဲနှစ်ထပ် ဆောင်သစ်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်း ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်၊ မြို့နယ်စီမံကိန်း ဦးစီးဌာနမှူး ဒေါ်ဌေးဌေးမော်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန့်ဇင်မင်းတို့က သတ်မှတ်နေရာများတွင် ပန္နက်တော်တင်၍ အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
မြောင်းမြမြို့နယ် မီးသတ်စခန်းဝန်ထမ်းအိမ်ယာ လေးခန်းတွဲ နှစ်ထပ်ဆောင်သစ်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ၅၀% ခွင့်ပြုရန်ပုံငွေ (၁၁၆)ကျပ်သန်း ဖြင့် အလျား ၁၀၀ ပေ၊ အနံ ၄၀ပေ၊ အမြင့် ၂၂ ပေ လေးခန်းတွဲ နှစ်ထပ်ဆောင်အမျိုးအစားဖြစ်ပြီး Able Winners ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)