မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၅
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်ကုတင် (၁၀၀)ဆေးရုံ၊ (၁၆)ကုတင်ဆန့်တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)တို့တွင် ကုသဆဲ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အတည်ပြုလူနာများနှင့် Facility Quarantine Centre များရှိ အသွားအလာ ကန့်သတ်ထား သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကိုယနေ့ နေ့လယ် (၁)နာရီ အချိန်က မြို့နယ်မော်ဧရာခန်းမတွင် ကျင်းပသည်။
ထိုသို့ လှူဒါန်းမှု့ အားအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များထံသို့ စားနပ်ရိက္ခာများ လှူဒါန်း ပေးအပ်သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွက် လှူဒါန်းပေးသောစားနပ်ရိက္ခာများမှာ ဆန်(ရက်၉၀) (၃၀) အိတ်၊ ဆီ(၁၂)ပိသာ၊ ကြက်ဥ (၅၅၀၀) လုံး၊ ငါးသေတ္တာ(၂၀၀၀)ဘူး စုစုပေါင်းတန်ဖိုး (၂၅)သိန်းကျပ်ခန့်လှူဒါန်းပေးအပ်သည်။
မြို့နယ်တွင်ယနေ့ အချိန်အထိ မြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ (၄၄၈)ဦး ကျန်းမာစွာဖြင့် ဆေးရုံဆင်းသူ (၄၀၂) ဦး၊ ဆေးကုသမှုခံ ယူဆဲပိုးတွေ့လူနာ(၄၃)ဦးရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ရောဂါအခံရှိသူသုံး ဦးသေဆုံးမှုရှိကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)