ညောင်ဦးခရိုင်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ

 

ညောင်ဦ  ဒီဇင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ၂၀၂၀ခုနှစ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါး သီးနှံတစ်ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၅ရက် နံနက် ၈နာရီ အချိန်က သူကောင်းတည်မြစ်ရေတင် ကွင်းအမှတ် ၁၃၄၄ ရှိတောင် သူ ဦးနိုင်ဝင်း ၏ မိုးစပါး စိုက်ခင်းတွင်ကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာ န၊မှသိရှိရသည်။

ညောင်ဦးမြို့ခရိုင် သူကောင်းတည်မြစ်ရေတွင်CERPအစီအစဉ်ဖြင့်မိုးစပါးဆင်းသုခ ၂၀ ဧက စိုက်ပျိုးခဲ့ပြီး၊ မိုးစပါးစိုက်ခင်းများရိတ်သိမ်းချိန်ဖြစ်၍ မြို့နယ်ကိုယ်စားပြုအထွက် နှုန်း သတ်မှတ် နိုင်ရန်အတွက် မျိုးကွဲအလိုက် ကောင်း၊သင့်၊ညံ့ စံကွက်များရိတ်သိမ်းဆောင် ရွက် လျက် ရှိရာ သူကောင်းတည်မြစ်ရေတင်ကွင်းအမှတ် ၁၃၄၄ ရှိတောင်သူ ဦးနိုင်ဝင်း ၏ မိုးစပါး စိုက်ခင်းတွင် တစ်ဧက စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၅ရက်နေ့ နံနက် ၈နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊၏လမ်းညွှန် ချက်နှင့်အညီပြုလုပ်ခဲ့ကာ သူကောင်းတည်မြစ်ရေတင်ရေဖြင့် မိုးစပါး ၂၉၃ဧကစိုက်ပျိုးခဲ့ ကြောင်းသိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရေအရင်းအမြစ်)ကဝန်ထမ်းများသည် တောင်သူ များနှင့် အတူ ပူးပေါင်း၍  စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၉၃)တင်း၊အစို ထွက်ရှိခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ကျောက်ကူးမြစ်ရေတင်၊ လောကနန္ဒာ မြစ်ရေတင်၊ သူကောင်း တည်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်နှင့်ငါ့သရောက်မြစ် ရေတင်၊ မြစ်ရေတင်ငါးခုဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးလျှက်ရှိကြောင်း သူကောင်းတည်မြစ် ရေတင် တာဝန်ခံ ဦးလှပြုံးက ပြောကြားသည်။

မောင်မောင်ထိန်