ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center တွင်ထားရှိ သူ(၁၄၅)ဦးအနက်၊ ဒီဇင်ဘာ(၂၂)ရက်နေ့အထိ၊ Quarantine ဝင်ရောက်ပြီး Swab ယူရန်ကျန်ရှိသူ(၃၄)ဦးအား ဒီဇင်ဘာ(၂၅) ရက်နေ့တွင် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်မှ အနံ့ပျောက်သဖြင့် ဆေးရုံ တက်ရောက် ဆေးကုသမှု ခံယူနေသည့် အမျိုးသ မီး(၁)ဦးကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့်၊ ၎င်းနှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့ သူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center တွင်ထားရှိပြီး RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အဆိုပါအနံ့ပျောက် ပိုးတွေ့အမျိုးသမီးနှင့်တစ်အိမ်ထဲအတူနေ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ပိုးတွေ့လူနာ(၂)ဦးကို ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ် ခဲ့သူများကို ဆက်လက်ဖော်ထုတ်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center သို့ ပို့ ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
နေအောင်(ပြန်/ဆက်)