မိုင်းယောင်းမြို့နယ်တွင် ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေးဆောင်ရွက်

 

မိုင်းယောင်း ဒီဇင်ဘာ ၂၆

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး တေးသီချင်းများ ဖွင့်လှစ်ခြင်း၊ “ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု လျှော့ချနိုင်ဖို့ အနီးကပ် ပြောဆိုဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ၊ လူစုလူဝေးရှောင်ရှားပါ၊ “လေဝင်လေထွက် ကောင်းမွန်မှု မရှိသော အလုံပိတ်နေရာများကို ရှောင်ကြဉ်ပါ စသည်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း