ကျွန်းစုမြို့တွင် ငလျင်ဘေးအန္တရာယ် ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သရုပ်ပြလေ့ကျင့်

ကျွန်းစု ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ရာသီဥတုဖောက်ပြန်ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တာရယ် ငလျင်ဘေးဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ကျွန်းစု)၌ ဆောင်ရွက်ခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးကျော်နိုင်နှင့်တပ်ဖွဲ့ဝင်တို့က ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင် ထိခိုက်ဒဏ်ရာရသူများ အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေး လုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဘေးကင်းရာသို့ ပို့ဆောင်ခြင်းလုပ်ငန်းများနှင့် ရှေးဦးသူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်း လုပ်ငန်းများ အား ဆရာ/ဆရာများ၊ ကျောင်းသား/သူများနှင့်အတူ သရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းကျော်စော(ပြန်/ဆက်)