သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀)ဦးထိ ဆေးရုံမှဆင်းခွင့်ရရှိ

သပိတ်ကျင်း ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေ သော ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦး ဒီဇင်ဘာ ၂၅ တွင် ဆေးရုံဆင်းခွင့်ရပြီး (၂၀)ဦးထိ ဆေးရုံမှဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဆေးရုံမှဆင်းခွင့်ရရှိခဲ့သူ ချောင်းကြီး ကျေးရွာအမှတ်(၅)ရပ်ကွက်နေထိုင်သူ(၂)ဦးမှာ ချောင်းကြီးကျေးရွာ အတည်ပြုလူနာများနှင့် ထိတွေ့ပြီး ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၁၄-၁၂-၂၀၂၀ ရက်နေ့က သပိတ်ကျင်း မြို့ပြည်သူ့ဆေးရုံ သီသန့်ဆောင်တွင် ဆေး ကုသစောင့်ရှောက်မှုခံခဲ့ပြီး ကျန်မာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိကာ ၎င်းတို့အနေဖြင့် မိမိတို့နေအိမ်တွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ (၇)ရက် ဆက်လက်နေထိုင်သွားရန် မြို့နယ်ကျန်းမာ ရေးဦးစီးဌာနတာဝန်ရှိသူများမှ မှာကြားခဲ့ကြောင်း သိရသည်။

သပိတ်ကျင်း မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသက်သာသဖြင့် ဆေးရုံမှဆင်းခွင့် ရရှိသူ (၂၀)ဦးထိရှိခဲ့ပြီး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံတွင် ဆက်လက် တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)