ကြံခင်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုတွင် နယ်မြေ မီးသတ်စခန်း ဆောက်လုပ်ရန် ပန္နက်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာ မီးသတ်စခန်း တည်ဆောက်ရန် နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်မြေ မီးသတ်စခန်း ပန္နက်တင်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများက မင်္ဂလာအချိန် ကျရောက်ချိန်တွင် ပန္နက်ရိုက်ခြင်းပြီး သပြေခက်ဖြင့် အမွှေးနံ့သာဖျန်းခြင်း အခမ်းအနား စတင်ကြောင်း သိရသည်။
အဆိုပါ နယ်မြေမီးသတ်စခန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး၊ နှစ်ဆက်(၅၀%)ဖြင့် ငွေကျပ်သိန်း(၆၄၁.၁၀) ဆောက်လုပ်မှာဖြစ်ပြီး အလျား(၄၅') အနံ(၅၀') အမြင့်(၂၆')ဖြင့်Million Best Co.,Ltdမှ(R.C.C) ၂ ထပ် အမျိုးအစား ဆောက်လုပ်မှာဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်မီးသတ် ဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုနိုင် နှင့်တာဝန်ရှိသူများ၊ ရေနံတောင် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် Million Best ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးသက်ဦးနှင့် အဖွဲ့များ တတ်ရောက်ကြ ကြောင်းနှင့် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)