တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ PPEဝတ်စုံများ ၊ ကျန်းမာရေးသုံးပစ္စည်းများ ၊ အလှူငွေများ လာရောက်လှူဒါန်း

တံတားဦး ဒီဇင်ဘာ  ၂၆

ကျောက်ဆည်ခရိုင်တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် ဆေးရုံတွင်လိုအပ်သောနေရာ အသုံးပြုနိုင်ရန်အတွက်  တံတားဦးမြို့နယ် ပြည်သူ့ ဆေးရုံသို့  ယနေ့နံနက် (၁၀)နာရီက PPEဝတ်စုံများ ကျန်းမာရေးသုံးပစ္စည်းများ အလှူငွေများနှင့် စက်သုံးဆီ တို့ကို လာရောက်လှူဒါန်း ကြောင်းသိရသည်

တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအသုံးပြုရန်အတွက် မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ(MMID)မှ  Medical PPE(အင်္ကျီ မျက်မှန် ခေါင်းစွပ် ခြေစွပ်ပါ )ဝတ်စုံ (၅၀)စုံ  Mask (၃၅၀)ခု Medical Glove  (၁၅၀)ခု စုစုပေါင်း ငွေကျပ်သိန်း (၂၀)ကျော်တန်ဖိုးရှိ ပစ္စည်များကိုလည်းကောင်း ကျောက်ဆည်အသင်း (ရန်ကုန်)မှ ဆေးရုံတွင်လိုအပ်သောနေရာ အသုံးပြုနိုင်ရန်အတွက်  အလှူငွေကျပ်သိန်း(၃၀)ကိုလည်းကောင်း တံတားဦး အ.ထ.က တွဲလက်များ သူငယ်ချင်းအဖွဲ့မှ အလှူငွေကျပ်()သိန်းကိုလည်းကောင်း တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာ ကိုအောင်နိုင်တိုး+မဆွေဆွေ မိသားစုမှ အလှူငွေကျပ် ()သိန်းကို လည်းကောင်း၊ တံတားဦးမြို့ BOC စက်သုံးဆီဆိုင်မှ ငွေကျပ်()သိန်းတန်ဖိုးရှိ စက်သုံးဆီ ဂါလံ(၂၀၀)ကို လည်းကောင်း အသီးသီးလာရောက် လှူဒါန်းကြရာ တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ ဦးဝဏ္ဏအောင် နှင့် တာဝန်ရှိသူများ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်းသိရသည်

အဆိုပါလှူဒါန်းပွဲသို့ တံတားဦးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ ဦးဝဏ္ဏအောင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်

ရဲတင့်(ပြန်/ဆက်)