ငပုတော ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာ အသုံးပြုစေရေးအတွက် အသိပညာပေးလှုပ်ရှားမှုကို အားကစား နှင့် ကာယပညာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နှာခေါင်း(Mask)များ တပ်ဆင်သွားလာရေး အသိပညာပေးပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့် လမ်းညွှန်မှာကြားချက်များအား အလေးထား လိုက်နာရေးတို့ကို အသိပညာပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများထံသို့ နှာခေါင်းစည်း(Mask) ခုရေ ၁၀၀၀ အား ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူပြည်သူများထံသို့ အခမဲ့ပေးဝေခဲ့ပြီး ငပုတောမြို့နယ် Fitness Dance Groupမှ " ကမ္ဘာ့အပြင်ထွက်သွားပါကိုရိုနာ " အသိပညာပေး သီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)