အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများတားဆီးကာကွယ်နိုင်ရေးနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ အခွင့်အရေးများရရှိနိုင်ရေးကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မင်းတပ်ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များအား GENDER/ CEDAW/ NSPAW အသိပညာပေး ဟောပြောပို့ချ

မင်းတပ် ဒီဇင်ဘာ ၂၆

မင်းတပ်ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များအား GENDER/ CEDAW/ NSPAW အသိပညာပေး ဟောပြောခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားသည်။

ဆက်လက်၍ မင်းတပ်ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းမြင့်ရွှေ က ခရိုင် အမျိုးသမီး ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ အစိုးရဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် မည့် အမျိုးသမီးများကိုဦးတည်သည့် လူမှုရေးလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာကြသည့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးခဲ့ကြသည်။

မင်းတပ်ခရိုင်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများတားဆီးကာကွယ်နိုင်ရေးနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ အခွင့်အရေးများရရှိနိုင်ရေး ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ GENDER/ CEDAW/ NSPAW အသိပညာပေး ဟောပြောပို့ချရခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)