ထန်တလန်မြို့၌ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်နိုင်ရန်အတွက် ကူညီကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်

ထန်တလန် ဒီဇင်ဘာ ၂၆

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ရာသီဥတုဖောက်ပြန်၍ ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် ငလျင်ဘေး ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်တုံ့ပြန်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်မီးသတ် ဦးစီးဌာနရုံး‌၌ ​​ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ငလျင်ဘေးအန္တရာယ် ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးယာဉ်များထွက်ခွာမှု၊ အဆောက်အအုံ အတွင်း ပိတ်မိနေသည့်သူများ ရှာဖွေကူညီကယ်ဆယ်နေမှု ထိခိုက်ဒဏ်ရာရရှိသူများအား ဘေးကင်းရာသို့ ပို့ဆောင်ခြင်း လုပ်ငန်းများနှင့်ရှေးဦး သူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်း လုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)