မြစ်ကြီးနား သြဂုတ် ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဇော်ဝင်းမှ ကြီးမှူး၍ ပြည်နယ်အတွင်းမှ စာရေးဆရာများ၏စီစဉ်မှုဖြင့် ပြည်နယ် အခြေစိုက်စာရေးဆရာများအတွက် ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟူးကောင်းလွင်ပြင်စာပေဆုအတွက် ပြည်နယ်အခြေစိုက်စာရေးဆရာများ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ (၂)အုပ် ပေးပို့ရမည်ဖြစ်ပြီး ဆောင်းပါးအတွက် မည်သည့်မဂ္ဂဇင်းဂျာနယ်တွင်မှ ဖော်ပြထားခြင်းမရှိသေးသော ကချင်ပြည်နယ် အကျိုးပြုဆောင်းပါးများ ကို ပါဝင်ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ စာပေဆုအတွက် စာအုပ်များကို ဟူးကောင်းလွင်ပြင်သုတစာပေဆုနှင့် ဟူးကောင်းလွင်ပြင်ရသစာပေဆုတို့အဖြစ် ဆု (၂)ဆုနှင့် ဆောင်းပါးများအနက်အကောင်းဆုံးစာမူကို ဟူးကောင်းလွင်ပြင်ဆောင်းပါးဆုအဖြစ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဆုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်နယ်ဝန်ကြီးမှ ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)