မိတ္ထီလာမြို့နယ် ခါးကော့ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်း

မိတ္ထီလာ    ဒီဇင်ဘာ    ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ခါးကော့ကျေးရွာတွင် ယမန်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြကွာဟမှုများ ကျဉ်းမြောင်း စေရန်၊ ကျေးလက်နေ ပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒေသခံပြည်သူများမှ ပူးပေါင်း၍ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင် စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကို ဆောင်ရွက်သွား မည်ဖြစ်ရာ အဆိုပါ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းအကြောင်းကို ဒေသခံပြည်သူများ သိရှိစေရန် ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာသူကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၃ ရွာကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထမုန်ကန်၊ ချောက်ပင်၊ အရှေ့ကုန်း၊ ပန်းသွင်း၊ အင်းကံ၊ ကန်တောင်၊ ခင်သာ၊ ကုက္ကိုပင်၊ သဲကုန်း၊ ကျွန်းဖိုပင်၊ မကျီးကန်၊ နွားစင်းငုတ်၊ ကြာကန်၊ ထိန်ကန်၊ အောင်သာ၊ ဘုံစုကန်၊ ကန်နီ(အနောက်)၊ ခါးကော့၊ ကျောင်းရာကန်၊ ကျောက်ပုံ ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)