မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင် မြို့နယ်အတွင်း ကျေးလက်လမ်း (၄)လမ်း၊ တံတား(၄)စင်းနှင့်BoxCulvert (၂)ခု တည်ဆောက်သွားမည်

မြန်အောင် ဒီဇင်ဘာ  ၂၇

မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင် မြို့နယ်အတွင်း ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်ရေး ဖွံဖြိုးတိုးတက်စေရန် ကျေးလက်လမ်း ()လမ်း၊ တံတား()စင်းနှင့် Box Culvert()ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အင်ပင် -ကနောင်လမ်းနှင့် မြန်အောင် ရေနံမြေ-ရွှေပြည်သာရေနံမြေလမ်းအား ကျောက်ချောခင်းခြင်း၊ အင်ပင်-ငှက်ကြီးကွင်းလမ်း မြေသားလမ်း အဆင့်မြှင့်တင်ခြင်း၊ မြန်အောင်-ကွင်းကြီးဒေါင့် လမ်းပေါ်တွင် Box Culvert တစ်ခု၊ အင်ပင်-ငှက်ကြီးကွင်းလမ်းပေါ်တွင် Box Culvert တစ်ခုနှင့် ငှက်ကြီးကွင်း-သဲဘို့လမ်းပေါ်ရှိ ရေသိုးချောင်းတံတား တည်ဆောက်ခြင်းတို့ ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သပြေကုန်း-ငါးရံဒိုင်းလမ်း ကျောက်ချောခင်းခြင်း၊ သပြေကုန်း-ရွှေကျင် လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတား(ဒုတိယပိုင်း) သပြေကုန်း-သဲဖြူလမ်း ပေါ်ရှိ ကျွဲရိုးအင်းတံတား (ဒုတိယပိုင်း)နှင့်ပေါက်အိုင်ရွာအဝင် တံတား(ပထမပိုင်း)တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကလျာဦးထံမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)မြန်အောင်