သာပေါင်း ဒီဇင်ဘာ ၂၇
သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က မြို့နယ်ကျန်းမာရေးဌာနမှ RDT test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် မြို့နယ်ဆေးရုံတွင် ခေါ်ယူကုသ ပေးလျက်ရှိပြီး ၎င်းကျေးရွာကို အသွားအလာ ကန့်သတ်ထားရှိခဲ့သည့် ကျေးရွာသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် ကော်မတီအဖွဲ့၀င်များသည် ယနေ့နံနက် ၁၀ နာရီခန့်အချိန်က နှာခေါင်းစည်း(Mask) (၁၀)ဘူး၊ လက်သန့်ဆေးရည်(၃)ဘူးနှင့် ကာဘော်လစ် ဆပ်ပြာ(၅၀)တုံးတို့ကို ကျေးရွာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရွာအ၀င်အထွက် ဂိတ်ထား ရှိပြီး နေ့ည စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရန် စီမံဆောင်ရွက်ပေးခဲ့ပြီး သာပေါင်း-ပုသိမ် ကားလမ်းမပေါ်ရှိ မြို့နယ်အ၀င် အောင်တပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ခရီးသွားလာတို့အား တိကျသေချာစွာ စီစစ်ကြပ်မတ် ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)