ညောင်ဦးမြို့နယ် စီမံကိန်းဦးစီးဌာန၊ ရုံးနေရာတည်ဆောက်မည့် မြေနေရာနှင့် ကျောက်ပန်း တောင်းမြို့နယ် စီမံကိန်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာတို့အား ပန္နက်ရိုက်မင်္ဂလာအခမ်းနားကျင်းပ

ညောင်ဦး  ဒီဇင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံကိန်းရုံး တည်ဆောက်မည့် မြေနေရာနှင့် ကျောက်ပန်း တောင်း မြို့နယ် စီမံကိန်းဦးစီးဌာန၊ ရုံးဝင်းအတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာ တို့အား ပန္နက် ရိုက်မင်္ဂလာ အခမ်းအနားကို ညောင်ဦးမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင်လည်း ကောင်း၊ ကျောက်ပန်းတောင်း မြို့နယ်တွင် နံနက် ၈ နာရီ ၁၅ မိနစ် အချိန်က လည်းကောင်း ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ညောင်ဦးမြို့နယ်၊ စီမံကိန်းဦးစီးဌာန၊ မြို့နယ်ရုံး မြေနေရာ တည်ဆောက်ရန် ပန္နက်ရိုက် ခြင်းနှင့် ကျောက်ပန်း တောင်းမြို့နယ်၊ စီမံကိန်းဦးစီးဌာန၊ ဝန်ထမ်းနေအိမ်မြေနေရာ ပန္နက် ရိုက်ခြင်း မင်္ဂလာအခမ်းအနားသို့ ညောင်ဦးမြို့နယ်တွင် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မန္တလေးတိုင်းဒေ သကြီး စီမံကိန်း ဦးစီးမှူး ဦးလှအောင်၊ ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်(၁)၊ ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၂)ဦးမြင့်စိန်၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ ပုဂံရှေးဟောင်းသုတေသနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်၊ ညောင်ဦးခရိုင် စီမံကိန်းဦးစီးဌာန၊ ဦးစိန်မောင် (ဒုတိယ ညွှန်ကြား ရေးမှူး)၊ ကျောက်ပန်းတောင်းမြို့နယ်၊စီမံ ကိန်း ဦးစီးဌာန၊ မြို့နယ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာ ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦးအေးခိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်(၂) ဦးမျိုးဆေွဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက ပန္နက်ရိုက်မင်္ဂလာအခမ်းအနားအား ကျန်းမာရေး နှင့်အားက စားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကျန်းမာရေးနှင့်အညီ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်၊ စီမံကိန်းဦးစီးရုံးအား (၄၀ပေ x ၄၂ပေ x၁၂ပေ)RC တစ်ထပ် ရုံး တည်ဆောက်မည်ဖြစ်ကာ ၊ ကျောက်ပန်း တောင်းမြို့နယ် စီမံကိန်းဦးစီးဌာန၊ ဝန်ထမ်း အိမ်ယာအား (၈၄ပေ x ၄၀ပေ x ၁၂ပေ-၆လက်မ)လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တည် ဆောက်မည်ဖြစ်ရာ တင်ဒါအောင်မြင်သည့် ပုဂံပြည်သားကုမ္ပဏီလီမီတက်မှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံကိန်းဦးစီးဌာန၊ ဦးစိန်မောင်(ဒုတိယ ညွှန်ကြားရေးမှူး) ထံက သိရသည်။

ကိုထိန်၊KPD