ဘောလခဲမြို့တွင် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်

ဘောလခဲ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ဘောလခဲမြို့တွင် ငလျင်ဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်(၉)နာရီက သုံးထပ် တိုက် စုပေါင်းဝန်ထမ်းအိမ်ရာဝန်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ခိုင်ထွန်းမှ ငလျင်ဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား ရာတွင် ငလျင်ဘေးကျရောက်ခဲ့လျှင် ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၁၄)နေ့ကစပြီး အကြိမ်အရေပေါင်း ၁၂ ကြိမ် ဒီဇင်ဘာလထဲတွင် လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောကစပြီး စဆုံးတိုင်ပြင်းအား 4 4 6 ထိ ပြင်းအားရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ အခြား ပြတ်ရွေ့ကြောလည်း လှုပ်ရှားမှုရှိနေပြီး စိုးရိမ်ပူပန်ရသည့် အခြေအနေများကို သုံးသပ်လေ့လာသိရှိရပါကြောင်း၊ နေရာဒေသ အသီးသီးမှ နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် သတိပြုနေထိုင်ရာ လိုအပ်မှာဖြစ်ကြောင်း၊ထိုသို့ ငလျင်ဘေး ကျရောက်လျှင် ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ယခုလို ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း ပြောကြသည်။

ဆက်လက်ပြီး ငလျင်ဘေးအန္တရာယ်ကြေငြာခြင်း၊ သတင်းလက်ခံရယူခြင်းနှင့်ရှာ‌ဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးလောင် မှုကြောင့် မီးခိုးများနှင့်အခန်းတွင်း ပိတ်မိနေသော သူများအား အသက်ရှူ ကိရိယာ(Ba Set) အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ငန်း များ သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ကျရောက်ခဲ့သူများအား ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမင်းက ရှင်းလင်းပြောကြားခဲ့သည်။ ဇတ်တိုက် လေ့ကျင့်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် နှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဖိုးရယ်