လပွတ္တာ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့်ကျေးရွာများမှ ပိုးတွေ့လူနာ(၁၉)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။
လပွတ္တာမြို့နယ် ကိုဗစ်-၁၉ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် အ.ထ.က(၂) Quarantine Center တွင် ဝင်ရောက်နေသူများ မြို့ပေါ်နှင့်ကျေးရွာများမှ Quarantine Center တွင် ဝင်ရောက်နေသူ စုစုပေါင်း(၆၂)ဦးအား ဗဟိုအမျိုးသား ကျန်းမာရေးဌာန (N-H-L)၏ ပြန်ကြားချက်အရ စုစုပေါင်း (၁၉)ဦးမှာ Positive ဖြစ်ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ Positive အခြေအနေမှာ ဆေးရုံဆင်း(၁၅၅)ဦး၊ သေဆုံး(၃)ဦး၊ ကုသဆဲ(၄၂)ဦး စုစုပေါင်း (၂၀၀)ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။
ဝင်းကျော်မြင့်(လပွတ္တာ)