မိုးမောက် မတ် ၂၀
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကာကွယ်ရေးဦးစီးဌာန(FDA)မှ ပြည်နယ် ဓာတ်ခွဲကျွမ်းကျင်(၂) ဒေါ်ခင်ခင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါးကာကွယ်ရေးဦးစီးဌာနမှ ဒေါ်ဟေမာန်ထွန်း ဒု−ကြီးကြပ်ရေးမှူး (အစားအသောက်)၊ ဒေါ်ရီရီဝင်း ဒု−ကြီးကြပ်ရေးမှူး (ဆေးဝါး)၊ ဗန်းမော်ခရိုင်မွေး/ကုဌာနမှ ဒေါက်တာ ကျော်မင်းခန့်၊ မြို့သစ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများတို့ဖြင့် ပူးပေါင်း၍ ယနေ့ နံနက် (၇)နာရီအချိန်မှစ၍ မြို့သစ်ကျေးရွာ စျေးစားသောက်ဆိုင်/စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သက်တမ်းလွန်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရာ သက်တမ်းလွန်၊ ဓါတုဗေဒ ဆေးများ သုံးစွဲရောင်း ချခြင်း တစ်စုံတစ်ရာမတွေ့ရှိရကြောင်း သိရှိရသည်။
လွန်းနန်းထွေး