ကျောက်မဲမြို့၏ ၁၅ ဦးမြောက် ကိုဗစ်၁၉ ပိုးတွေ့လူနာ ဆေးရုံဆင်းခွင့်ရရှိ

ကျောက်မဲ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၏ ၁၅ ဦးမြောက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးသည် ယမန်နေ့ နေ့လယ်ပိုင်းက  ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသမီးသည် ၎င်း၏အမျိုးသား မောင်းနှင်သည့် ကုန်တင်ကားဖြင့် မန္တလေးမှ ကျောက်မဲ သို့ ပြန်လာပြီး ကျောက်မဲမြို့ရှိ အ.ထ.က ၃ ကျောင်းရှိ Quarantine Center ၌ ဒီဇင်ဘာ ၆ ရက်နေ့က ဝင်ရောက်နေထိုင်ခဲ့ပြီး ၎င်း၏ နှာခေါင်း၊ အာခေါင် တို့ဖတ် ယူ၍ မူဆယ်သို့ ဒီဇင်ဘာ ၁၄ ရက်နေ့ကပေးပို့စစ်ဆေးရာ ကို ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့် ကုသဆောင်သို့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပို့ဆောင်ထားရှိ ဆေးကုသ‌ပေးခဲ့ရာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ သက်သာပျောက်ကင်း နေပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့် ရရှိခြင်းဖြစ်သည်။

ကိုဗစ်-၁၉  ကာလ စတင်စဉ်ကတည်းကစ၍ ကျောက်မဲတွင် ပိုးတွေ့လူနာ စုစုပေါင်း  ၁၇ ဦး ရှိခဲ့ပြီဖြစ်ပြီး ၁၅ ဦးမှာ ရောဂါ သက်သာ ၍ ဆေးရုံမှ ဆင်းသွားရပြီဖြစ်ပြီး ကျန်ရှိ ၂ ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ ၏ ပြောကြားချက် အရသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)