တန့်ယန်းမြို့နယ်တွင် ကျေးရွာမီးဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဆောင်ရွက်

တန့်ယန်း  ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းတို့ ပူးပေါင်း၍ မီးဘေးအသိ မီးဘေးသတိရှိကြရန် မန်ကတ်ကျေးရွာ တွင် ယမန်နေ့က ကြည့်ရှုစစ်ဆေးကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးအန္တရာယ် လုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အရန် မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက တာဝန်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ ကျေးရွာမီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေးကာ မီးဘေးအသိမီးဘေးသတိ သိရှိလိုက်နာနိုင်ရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။                                                                                     

မင်းလွင်ဦး(ပြန်/ဆက်)