ဖလမ်း ဒီဇင်ဘာ ၂၈
ရပ်ကွက်/ကျေးရွာများတွင် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကို ဖလမ်းမြို့၊ လုံပီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
ဟောပြောပွဲတွင် ဖလမ်းမြို့ မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးသိန်းဇော်က မှုခင်းဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မှုခင်းဖြစ်ပွား ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ဆိုးကျိုးများ၊ မှုခင်းဖြစ်ပွားမှု လျော့ချစေရေးအတွက် ရပ်ကွက်/ ကျေးရွာ များအတွင်း မှီတင်းနေထိုင် ကြသူများ ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျွန်