ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၆) ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာသူများအား ဒေးဒရဲမြို့၌ FQ ထားရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ်များရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားသည့် အ.ထ.က (၁)၊ အ.ထ.က (၂) နှင့် သုခဝတီ တည်းခိုခန်းတို့ရှိ Facility Quarantine Centre များတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ဝင်ရောက်လာပြီး Quarantine ဝင်ရောက်နေသူ (၈၆) ဦး၏ Swab နမူနာများကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၆) ဦး၌ ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ အ.ထ.က (၃) (ယာယီဆေးရုံ) တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၉၁) ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ (၃၇၂) ဦး၊ ဒေးဒရဲမြို့ အ.ထ.က (၃) ယာယီဆေးရုံတွင် ဆေးကုသမှုခံယူနေသူ (၁၉) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)