တာလေ၌ နွေကာလ မတိုင်မီ သောက်သုံးရေ ပြတ်လပ်မှုရှိနေသည့် ကျေးရွာအချို့အတွက် သောက်သုံးရေ အဆင်ပြေစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

တာလေ        ဒီဇင်ဘာ        ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချိုနှင့် နွေကာလမတိုင်မီ ရေဦး ရေဖျား ရေခမ်းခြောက်ခြင်းနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲများရှိနေသည့် ပန်ချီဟက်ကျေးရွာအတွက် ရေလုံလောက်စွာ ရရှိရေးနှင့် သောက်သုံးရေ အဆင်ပြေစေရန် စိမ့်စမ်းရေထွက်နေရာနှင့် စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်မည့် နေရာအထိ ဒီဇင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများက ကွင်းဆင်း တိုင်းတာ ခဲ့ကြောင်း သိရသည်။

တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့နှင့် နွေကာလမတိုင်မီ ရေဦးရေဖျား ရေခမ်းခြောက်ခြင်းနှင့် သောက်သုံးရေပြတ်လပ်မှု အခက်အခဲများရှိနေသည့် ပန်ချီဟက်ကျေးရွာတွင် ရေလုံလောက်စွာရရှိပြီး သောက်သုံးရေ အဆင်ပြေစေရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်မှ ၂ လက်မပိုက် (၆၅)လုံး ထောက်ပံ့ပေးပြီး လတ်တလော အဆင်ပြေစေရန် စိမ့်စမ်းရေ ထွက်ရှိသည့် နေရာမှ ရေသွယ်တန်းပေးမည် ဖြစ်သည်။ အဆိုပါ နွေကာလ မတိုင်မီ ရေဦးရေဖျား ရေခမ်းခြောက်ခြင်းနှင့် သောက်သုံးရေပြတ်လပ်မှု အခက်အခဲများရှိနေသည့် ပန်ချီဟက်ကျေးရွာအတွက် ရေလုံလောက်စွာ ရရှိပြီး သောက်သုံးရေ အဆင်ပြေစေရန် ယခုထပ်မံ သွယ်တန်းမည့် စိမ့်စမ်းရေထွက်နေရာမှ စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်ထားရှိသည့် နေရာအထိ ထပ်ဆင့်ရေပိုက်သွယ်တန်းရန် အကွာအဝေးမှာ (၁/၄) မိုင်ရှိပြီး လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိမ်းသိမ်း ကုန်ကျ စရိတ်များ ခွင်ပြုချထား ပေးနိုင်ရေး အတွက် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)