မိုင်းလုံ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၁၅)ကြိမ်မြောက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူခြင်းကို ယမန်နေ့နံနက် က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း (Facility Quarantine) တွင် ဆောင်ရွက် ခဲ့သည်။
နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ဒေါ်သိန်းထိုက်ထိုက်စံတို့က Facility Quarantine ထားရှိသည့် ရောဂါပြန့်ပွားရာ ဒေသဖြစ်သော တရုတ်ပြည်မှ ပြန်လာသူ(၃)ဦး၊ မြစ်ကြီးနားမြို့မှ ပြန်လာသူ(၁)ဦး၊ မန္တလေးမြို့မှ ပြန်လာသူ(၁)ဦးနှင့် မိုးကုတ်မြို့မှ ပြန်လာသူ(၂)ဦး စုစုပေါင်း(၇)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အာခေါင်တို့ဖတ်နမူနာ ရယူထားသူ (၇)ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇော်ဇော်(မိုင်းလုံ၊ပြန်/ဆက်)