မန္တလေး ဒီဇင်ဘာ ၂၈
မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ၅၈ လမ်းမှ ၆၆ လမ်းထိ၊ ၁၉ လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း(Mask)များကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်သည့်အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသည့် ပြည်သူများ၊ နန်းရှေ့ဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင် များက နှာခေါင်းစည်း(Mask) အခုရေ (၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)